ရန်ကုန်၊ သြဂုတ် ၈
မကွေးတိုင်း ပခုက္ကူမြို့နယ် စဘေအုပ်စု ဆားကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားကျင်းရွာကို သြဂုတ်လ ၇ ရက်နေ့ ည ၆ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” ဆားကျင်းရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ ရွာရဲ့တောင်ဘက်ထိပ်နဲ့ မြောက်ဘက်ထိပ်ကနေ နှစ်ဖက်ညှပ်ပြီး မီးရှို့နေတာ စစ်ခွေးတွေရော ပျူစောထီးတွေရောပါတယ်။ နေအိမ်အတော်များများတော့ မီးလောင် ပျက်စီးနိုင်တယ် အတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေကတော့ ကြိုပြီး ရှောင်နိုင်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ဆားကျင်းရွာ အနီးအနားရှိ ရွာများမှ ပြည်သူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။