29.6 C
Yangon

ပခုက္ကူ၊ ဆားကျင်းရွာကို အကြမ်းဖက် စစ်တပ်မှ ဝင်ရောက် စီးနင်း မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ သြဂုတ် ၈

မကွေးတိုင်း ပခုက္ကူမြို့နယ် စဘေအုပ်စု ဆားကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားကျင်းရွာကို သြဂုတ်လ ၇ ရက်နေ့ ည ၆ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဆားကျင်းရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ ရွာရဲ့တောင်ဘက်ထိပ်နဲ့ မြောက်ဘက်ထိပ်ကနေ နှစ်ဖက်ညှပ်ပြီး မီးရှို့နေ​တာ စစ်ခွေးတွေရော ပျူစောထီးတွေရောပါတယ်။ နေအိမ်အတော်များများတော့ မီးလောင် ပျက်စီးနိုင်တယ် အတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေကတော့ ကြိုပြီး ရှောင်နိုင်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဆားကျင်းရွာ အနီးအနားရှိ ရွာများမှ ပြည်သူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article