31 C
Yangon

တန့်ဆည်၊ ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်တွင် တပ်စွဲထားသော စစ်တပ်ကို ပစ် ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ရေးမြို့တွင်လည်း စစ်ကားမိုင်း ဆွဲခံ ရပြီး စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ အဝိုင်းပတ်အနောက်ဘက်ရှိ ရွှေဒေါင်းမင်းဆီဆိုင် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို Taze People Comrades – TPC က ယနေ့နေ့လယ် ၃နာရီ၁၅မိနစ်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး သေ ဆုံးပြီး ၂ ဦးဒဏ်ရာရကြောင်း သိရသည်။

ရွှေဒေါင်းမင်းဆီဆိုင်‌နေရာကို စစ်ဆေးရေးဂိတ်ပြုလုပ်၍ ခရီးသွားပြည်သူများ ကို အတင်းအကျပ်ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ကို TPCအဖွဲ့ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

“၃နာရီ၁၅မိနစ်လောက်မှာ လက်နက်ကြီးသံတွေ စကြားရတယ်၊ အဲ့နောက်မှ အပြန်အလှန်ပစ်ကြတာ။ ပစ်ခတ်ချိန် မိနစ်၂၀လောက်ကြာတယ်။ ပြည်သူတွေ အပြင်မထွက်ရဲကြဘူး၊ စခတွေ ပတ်ရမ်းမှာကြောက်လို့” ဟု တန့်ဆည်မြို့ ခံ တစ်ဦးက ပြောသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို ယမန်နေ့ ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း မွန်ပြည်နယ် တောင်ညို ပြည် သူ့ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေးမြို့ဘက်မှ သံဖြူဇရပ်ဘက်သို့ တက်လာသည့် စစ်ကား ၆ စီးပါယာဥ် တန်း ကို ပိန္နဲတောရွာနှင့် ရွာသာအေးရွာအကြားတွင် ယမန်နေ့မွန်းလွဲ ၂နာရီကျော် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည်ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article