27 C
Yangon

ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး

Must read

ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရင်ပေါင်တိုင်ရွာကို ဩဂုတ်လ ၁၁ ရက်နေ့တွင် ရဟတ်ယဥ် ၅ စီးဖြင့် ၂ ကြိမ် ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်တပ်က တပ်စွဲ နေထိုင်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ရင်ပေါင်တိုင်ကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းတွင် ရဟတ်ယာဥ်များဖြင့် ထပ်မံ ပစ်ခတ်နေကြောင်း သိရသည်။

” ညနေ ၄ နာရီလောက်မှာ စစ်ခွေးတွေက ရွာကို မီးတင်ရှို့နေတယ်။ ရွာထဲက အခြေအနေတွေ ပြည်သူတွေ ပိတ်မိနေလား ဘယ်လို အခြေအနေရှိလည်းဆိုတာ မသိရသေးဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အကုန်လုံး ဖြတ်ခံထားရတယ်။ ရဟတ်ယာဥ်နဲ့လည်း ထပ်ပစ်နေတယ်လို့ သိရတယ်။ ဘယ်နှစီးနဲ့ ရွာထဲကိုလား ရွာပြင်ကိုလား ပစ်တယ်ဆိုတာ မသိရသေးဘူး” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article