ရန်ကုန်၊ သြဂုတ် ၁၉
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် “ဖက်ဆစ် စစ်တပ်ကို ပြည်သူ့ တရားခွင်မှာ တရားစီရင်ဖို့သာ ငါတို့အလိုရှိတယ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ကျနော်တို့ယင်းမာပင်ဒေသမှာယနေ့အချိန်ထိမြေပေါ်တော်လှန်ရေးလမ်းစဉ်၊မြေအောက်တော်လှန်ရေးလမ်းစဉ်တွေဟာအားကောင်းကောင်းနဲ့စစ်အာဏာရှင်စနစ်ကိုတွန်းတိုက်နေဆဲဖြစ်ပါတယ်။ဒါကြောင့်လည်းစစ်ကောင်စီဟာယင်းမာပင်ဒေသကိုအမျိုးမျိုးအဖုံဖုံဖိနှိပ်နေတာဖြစ်ပါတယ်။ဒီလိုရက်စက်တွေမှုပြုလုပ်နေတဲ့စစ်ကောင်စီကိုပြည်သူ့တရားခွင့်မှာတရားစီရင်ကြရမယ်။ဘယ်တော့မှသွေးမအေးဘဲစစ်အာဏာရှင်ပြုတ်ကျသည်အထိဆက်လက်တော်လှန်ရေးဖို့အင်မတန်အရေးကြီးပါတယ်” သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။