ရန်ကုန်၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်း မုံရွာတွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ကျောင်းသား၊ လူငယ်နှင့် ပြည်သူများက ယနေ့နံနက်ပိုင်း ချီတက် ဆန္ဒပြကြသည်။
ယနေ့လူထုသပိတ်တိုက်ပွဲတွင် မုံရွာလူငယ်များအစည်းအရုံး၊ မုံရွာအခြေ ခံပညာကျောင်းသားများသမဂ္ဂ နှင့်မုံရွာတော်လှန်လူငယ်များကွန်ရက်တို့က ပူးပေါင်းချီတက်ကြခြင်းဖြစ်သည်။