ရန်ကုန်၊ ဩဂုတ် ၂၀
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဩဂုတ် ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခံရခြင်း တစ်နှစ်ပြည့်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက “Stop internet shutdown Hpakant” “ No internet,365 days” “Internet access is Human Right” “internet ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ” “ internet တာဖြတ်လို့ရမယ် စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကိုတော့ ဖြတ်တောက်လို့မရစေရ” “ internet ဖြတ်တာ ချက်ချင်းရပ် “ “ဖားကန့်မြို့နယ် internet ဖြတ်ခံရတာ တနှစ်ပြည့်ပြီ” “KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ “ “NUG အစိုးရဒို့အစိုးရ “ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့်ကြွေး ကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။






