By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -နေပြည်တော်အတွင်းက ရုံးဌာနအားလုံး လုံခြုံမှု ရှိစေဖို့နဲ့ ရုံးတွင်းမှာ အကြမ်းဖက် တိုက်ခိုက်/ခံရမှု မရှိစေရေး အတွက် လက်ကိုင်မိုင်းရှာစက်တွေ ထားရှိမှာ ဖြစ်တယ်လို့ နေပြည်တော်ကောင်စီက ရုံးဌာနတွေကို အသိပေးစာမှာ ဖော်ပြထားပါတယ်။ – ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြိုနယ်၊ အမှတ် ၂ ရပ်ကွက်၊ သုမာလာ ၈ လမ်းမှာ ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး သောင်းဒန် သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – ထားဝယ် – ကလိန်အောင်လမ်းပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ ပျူစောထီးတွေ စီးနင်း လိုက်ပါလာတဲ့ ယာဥ်တစ်စီးကို ဩဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။