29.6 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးတင်ရှို့၊ နေအိမ် ၂၄ လုံးပြာကျပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရဟတ်ယာဥ်ဖြင့် သယ်ဆောင်သွား

Must read

ရန်ကုန်၊ သြဂုတ် ၂၀

မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းရှိ ညောင်ရင်း၊ စသိန်း၊ ဂွေးဂုံ ကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူပိုင် နေအိမ် ၂၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၁၉ ရက်နေ့တွင် အင်အား ၁၅၀ ခန့်ဖြင့် ညောင်ရင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီးနောက် စသိန်းရွာနှင့် ဂွေးဂုံရွာတို့ကိုလည်း ထပ်မံ စီးနင်းခဲ့ကာ ပစ္စည်းများကို ခိုးယူခဲ့ပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် အဆိုပါ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ရင်းရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး စသိန်းရွာနှင့် ဂွေးဂုံရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး ရဟတ်ယာဥ်ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

” စစ်ခွေးတွေက သြဂုတ်လ ၁၉ ရက်နေ့တည်းက စစ်သား ၁၀၀ လောက်နဲ့ ညောင်ရင်းရွာ ထဲကို စစ်ကြောင်းထိုးလာတာပါ။ စစ်ကြောင်းထိုးပြီးနောက်မှာ နံနက်ပိုင်းကနေ စပြီး ညနေပိုင်းအထိ စစ်သားတွေက ညောင်ရင်း၊ စသိန်းနဲ့ဂွေးဂုံ ရွာထဲက ပြည်သူပိုင် ပစ္စည်းတွေ အကုန်လုံးကို ခိုးယူသွားကြတယ်။ အဲလို ခိုးယူပြီးတဲ့နောက် သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီကစပြီး ညောင်ရင်းရွာထဲကို စစ်သားတွေ မီးရှို့တာပါ။ စသိန်းနဲ့ ဂွေးဂုံရွာတွေကို သြဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းမှာ မီးဆက်ရှို့တယ်။ ရွာထဲမှာ ကျန်နေခဲ့တဲ့ လူ ၁ ဦးဖမ်းခံရတယ်လို့တော့ သိရတယ်။ အတည်မပြုနိုင်သေးဘူး။ အခု ညနေပိုင်းမှာလည်း စစ်ခွေးတွေ ခိုးယူသွားတဲ့ ကျန်တဲ့ ပစ္စည်းတွေကို ရဟတ်ယာဥ်နဲ့ ထပ်သယ်နေတယ်။ စစ်​ခွေးတွေ ရွာထဲဝင်ပြီးဆို လူတွေက မနေရဲလို့ ထွက်ပြေးကြရပါတယ်။ ရွာထဲကလူတွေထွက်ပြေးကြတော့ စစ်ခွေးတွေက ပြည်သူတွေ ကျန်ခဲ့တဲ့စားနပ်ရိက္ခာတွေ ပစ္စည်းတွေ အကုန်သယ်တာပါ။ ပစ္စည်းသယ်ပြီးမှ ရွာကို မီးရှို့တာပါ။ ဆုံးရှုံးမှုများနိုင်ပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် မီးရှို့ဖျက်ဆီးခြင်းကြောင့် ညောင်းရင်းရွာထဲရှိ ပြည်သူပိုင် နေပိမ် ၁၈ အိမ်ပြာကျခဲ့ပြီး ဂွေးဂုံရွာထဲတွင်လည်း ပြည်သူပိုင်နေအိမ် ၆ လုံးပြာကျသွားကြောင်း ဒေသခံ ပြည်သူများကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article