ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၆ ရက်နံနက်တွင် ၅၃၃ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြကြသည်။
ဆားလင်းကြီးနယ်မြေဒေသတွင်းနှင့် မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်းများအနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ကြွေးကြော်ဆန္ဒပြကြခြင်းဖြစ်သည်။