By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်စီးပွားရေး သမားတွေကို ဒေါ်လာ လိုသလောက် မရောင်းတော့တဲ့ အပြင် ၊ ပြင်ပပုဂ္ဂလိက ဘဏ်တွေ နဲ့ ပို့ကုန်ရငွေ ဒေါ်လာ အရောင်းအဝယ်တွေကိုပါ ဗဟိုဘဏ်ကို သတင်းပေးပို့ပြီးမှ အရောင်းအဝယ် လုပ်ရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ – ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ချင်တဲ့အတွက် CDM ပြုလုပ်လာတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ၊ အုပ်ဖို- မြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ- ၆ ရဲ့ တပ်သား စောဂျွန် ကနေ ပြောလိုက်ပါတယ်။ -စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ကပိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါး သေဆုံး သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။