33.8 C
Yangon

ကုလသမဂ္ဂICJ တရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီက နောက်ထပ်တိုး တရားလိုအဖြစ် ပူးပေါင်းပါဝင်၊ ဗြိတိန်၊ ကနေဒါ၊ နယ်သာလန် စုစုပေါင်း ၄ နိုင်ငံက ဂမ်ဘီယာနှင့်အတူ တရားလိုနိုင်ငံများဖြစ်လာ

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသော ဂမ်ဘီယာနိုင်ငံဘက်မှ ဂျာမနီနိုင်ငံက တရားလိုနိုင်ငံအဖြစ် နောက်တိုးပါဝင်မည်ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် ဗြိတိန်၊ ကနေဒါ၊နယ်သာ လန် ၊ ဂျာမနီစုစုပေါင်း ၄ နိုင်ငံက တရားလိုနိုင်ငံများအဖြစ် ဂမ်ဘီယာနိုင်ငံ ဘက်မှ ပါဝင်လာခြင်းဖြစ်သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တရားရုံးသို့ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်မှ မင်းအောင် လှိုင်နှင့်စစ်ခေါင်းဆောင်များကို ပို့ဆောင်ရေး အမေရိကန်နိုင်ငံက ထောက်ခံမည်ဖြစ်ကြောင်း ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း အမေရိကန်ထောက်ခံသွား မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “နိုင်ငံကြီး ၄ နိုင်ငံက ဂမ်ဘီယာနဲ့ ပူးပေါင်းလိုက်တဲ့အတွက် နောက်ထပ်နိုင်ငံတွေလည်း ပူးပေါင်းလာဖို့ အလားအလာအများကြီးရှိတယ်။ ICJ အမှုက ပိုပြီးခိုင်မာလာမယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ- ယခုနှစ် ICJ တရားရုံးရှေ့တွင် မင်းအောင်လှိုင် မျက်နှာကို ခြေဖြင့် နင်း၍ ဆန္ဒပြနေကြစဉ်။

Photo -Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article