25 C
Yangon

ဖြူးမြို့၊ ဆာဂွန်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ရဲတပ်ကြပ်မောင်နိုင်၏ အမျိုးသားအင်္ဂါနှင့် မျက်စိ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရ၊ အခြားရဲ ၄ ဦးလည်း ဒဏ်ရာရ

Must read

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ မရမ်းကုန်းတရားရုံး၊ တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဩဂုတ် ၂၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆာဂွန်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်း ချိန် ကိုက် ဗုံးပေါက်ကွဲပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် မောင်နိုင်၏ အမျိုးသားတန်ဆာနှင့် မျက်လုံး ဗုံးထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် ဖြူးမြို့ ဆာဂွန်းလုံခြုံရေးဂိတ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရဲတပ်ကြပ် မောင်နိုင်အပါအဝင် ရဲ ၅ ဦးဒဏ်ရာရရှိကြောင်း၊ ရဲတပ်ကြပ်မောင်နိုင်သည် အမျိုးသားတန်ဆာနှင့် မျက်လုံးတွင် ဗုံးစ ထိ မှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“ဖြူးမြို့နယ်၊ဆာဂွန်းဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ပါတယ်။ ရဲတွေ ဒဏ်ရာရပါတယ်။ ရဲတပ်ကြပ်မောင်နိုင် ​​ေ-ွး နဲ့မျက်စိထိပြီး အခြေအနေ မကောင်းပါဘူး။ ဒီမနက် ၉ နာရီ ဝန်းကျင် ဖြူးမြို့နဲ့ အမြန်လမ်း ဆက်လမ်းပေါ် ဆာဂွန်းစစ် ဆေးရေးဂိတ်မှာ ချိန်ကိုက်ဗုံးပေါက်ကွဲတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ တောင်ဒဂုံ မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တရားရုံးများတွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။

လှိုင်မြို့နယ် EPC ရုံးတွင် ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်တပ်က လမ်းပိတ် စစ်ဆေးကြောင်း ယင်းနောက် မပေါက်ကွဲသေးသော ဗုံးထပ်မံတွေ့ရှိ၍ ညနေ ၄ နာရီကျော်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမ‌နှင့် ဘူတာရုံးမှတ်တိုင်အနီးရှိ လှိုင် EPC ရုံးကို Rangers of Region 7 က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တောင်ဒဂုံမြိုနယ် ၁၀၄ တွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့် ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ကြောင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ဖြူးမြို့မရဲစခန်း။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article