ရန်ကုန်၊ သြဂုတ် ၂၉
ရန်ကုန်မြို့လယ်ခေါင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ နံနက်ပိုင်းချီတက် ဆန္ဒပြကြသည်။
“လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက် ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့တွင် ချီတက် သပိတ်မှောက်ကြခြင်း ဖြစ် သည်။