30 C
Yangon

တောင်ငူနှင့် ထန်းတပင်မြို့နယ် အစပ် ဒိုးသောင်တံတားထိပ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ဒိုးသောင်တံတားထိပ်တွင် ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသKNLA ၊ PDF ပူးပေါင်း‌ မြွေပွေးစစ်ကြောင်း အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦးခန့် သေဆုံးနိုင်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“မနေ့ ညနေ ၆ နာရီ၄၀မိနစ်က တောင်ငူမြို့ဝင် ကြို့ပင်ဆိပ်စခန်းကိုဝင်ပစ်တာ။ လက်နက်ကြီးအပြန်အလှန်ပစ်တာ ကျွန်တော်တို့ဘက်က အချက်ရေ ၄၀ နီးပါး ပစ်တယ်။ စစ်ခွေးကလည်း အသားကုန်ပြန်ဆော်တယ်။ ထန်းတပင်မြို့နယ် တောင်ငူနယ်အစပ်က ဒိုးသောင်တံတားထိပ်မှာ။ ကျွန်တော်တို့ဘက်တော့အထိခိုက်မရှိပြန်ဆုတ်ခဲ့တယ်။ တိုက်ပွဲကြာချိန် ၁နာရီ နီးပါး။ စစ်ခွေးတွေဘက်က ၅ယောက်ကျတယ်ပြောတယ်။ ဒဏ်ရာရတာများတယ်” ဟု PDF သတင်းရင်းမြစ်က ဆိုသည်။

တောင်ငူဒေသခံတစ်ဦးကလည်း ဒိုးသောင်တံတားဆိပ်တွင် တိုက်ပွဲဖြစ်ပွားမှု မှန်ကန်ကြောင်း ပြောဆိုပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးသည်ဟု သိရှိရကြောင်း၊ ဒဏ်ရာရ စစ်သားအများအပြား သယ်ဆောင်သွားသည်ဟု မြင်တွေ့ရသည်ဟုဆိုသည်။

“မနေ့ ညပိုင်းက တောင်ငူဒိုးသောင် တံတားတိုက်ပွဲတစ်နာရီလောက်ကြာတယ်တိုက်ပွဲဖြစ်နေတာ။ ဒိုးသောင်တံတားနားမှာပဲ တိုက်ပွဲ ဖြစ်တာက။ စစ်ခွေး တစ်ယောက်သေတယ်။ လက်နက်ကြီးသံတွေလည်း တ၀ုန်း၀ုန်းပဲ။ ဒဏ်ရာရသူတွေကို သယ်သွားတာလည်းတွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မြေပွေးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article