33.1 C
Yangon

မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ပခုက္ကူတွင် စစ်ကောင်စီထံ ဆက်ကြေးပေး ဖွင့်နေသည့် လောင်းကစားဝိုင်းကို PDF ဝင်ဖမ်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်၌ နွားထိုးကြီး PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံပို့ဆောင်ထားရကြောင်း နွားထိုးကြီး PDF က ဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် သက္ကယ်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပေါင်းကာ ပြည်သူများအပေါ် အကြိမ်ကြိမ် ခြိမ်းခြောက်အနိုင်ကျင့်နေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ရှောင်လမ်း အနောက်ဘက်ရှိ ရထားသံလမ်းအနီး လောင်းကစားဝိုင်းတစ်ခုကို ပခုက္ကူမြောက်ပိုင်း PDF နှင့် Royal Defense Force က ဩဂုတ်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လောင်းကစားပြုလုပ်နေသည့် ငွေအချို့၊ ဖုန်း ၆ လုံးနှင့် လူ ၃ ဦးကို ဖမ်းဆီးရမိကြောင်း PKU N PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ လောင်းကစားဝိုင်းမှ ဒိုင်ဖြစ်သူ ဒေါ်အိဖြူဆိုသူ အမျိုးသမီးက ဂျင်ဝိုင်းမှတဆင့် အကြမ်းဖက်စစ်ကောင်စီကို တစ်ရက်လျှင် ၁၅၀,၀၀၀ မှ ၂၀၀,၀၀ ကျပ် ဝန်းကျင်ထိ ပေးကာ ဂျင်ဝိုင်းပြုလုပ်သည်ဟု ဝန်ခံထွက်ဆိုကြောင်း PKU N PDF က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ သုံးဦးအနက်မှ နှစ်ဦးကို စက်တင်ဘာလ ၁ ရက် ယမန်နေ့တွင် ဒဏ်ငွေရိုက် သတိပေးကာ ပြန်လွှတ်လိုက်ပြီး အမျိုးသားတစ်ဦးကို ဆက်လက်စစ်ဆေးရန်အတွက် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် ငွေများကို တော်လှန်ရေးရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း PKU N PDF က ဆိုသည်။

ပခုက္ကူမြို့ပေါ်နှင့် မြို့အနောက်ဘက်ရှိ ကျွန်းညိုကြီးကျေးရွာ၊ ရွှေပေးကျေးရွာများတွင် စစ်ကောင်စီကို ဆတ်ကြေးပေးကာ ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်း ၇ ခု ရှိနေကြောင်းနှင့် ရပ်တန့်ကရပ်ရန် သတိပေးထားပြီး မလိုက်နာပါက ပစ်ခတ်ဖမ်းဆီးမည်ဟု PKU N PDF က ထုတ်ပြန်သည်။

ဓါတ်ပုံ – PKU N PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article