27 C
Yangon

PPST ၏ ဦးဆောင်နာယက တာဝန် လက်ခံယူခြင်းကို ပြန်လည်ရုတ်သိမ်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး အကြောင်းပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

NCA ထိုးထားသော တိုင်းရင်းသားအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နာယက တာဝန်ကို လက်ခံယူခြင်းအား ပြန်လည် ရုတ်သိမ်းကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဩဂုတ်လ ၃၁ ရက်နေ့တွင် PPST ထံ ပြန်လည်အကြောင်းကြားစာပို့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အကြောင်းပြန်သောစာတွင် “ကျွန်တော်၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပဂ္ဂိုလ်အရ လွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ၃၁/၈/၈၂၀၂၂ ရက်တွင်ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ကျွန်တော်သည် PPDF ၏ ဦးဆောင်နာယကအဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်” ဟု ရေးသားဖော်ပြထားသည်။

PPST ၏ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကနိုင်ငံရေးလမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား မေတ္တာရပ်ခံခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့တွင် KNU ဥက္ကဋ္ဌ က လက်ခံကြောင်း အကြောင်းပြန်ခဲ့သည်။

KNU ဥက္ကဋ္ဌ က ဩဂုတ်လ ၃၁ ရက် ထုတ်ပြန်သောစာတွင် ၎င်းသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံ ထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးမြင်ထက် အဖွဲ့အစည်း၏ “မူ” လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန်သဘောတူသည့် ပေးစာအား ပြန်လည်ရုတ်သိမ်းပါကြောင်း ရေးသားဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article