22.2 C
Yangon

မြောင်၊ မြစ်သာရွာ အနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာ အနီး ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း TTA-ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျောက်ရစ်ကျေးရွာမှ ထွက်ခွာလာပြီး စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြစ်သာကျေးရွာ အနီးကို ရောက်ရှိလာပြီး ကျေးရွာအတွင်း ဝင်ရောက်ရန် ပြုလုပ်နေစဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁ ဦးသေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်သာကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ဒေသခံ ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ ကာကွယ်ရေး ရဲဘော်များ ပိုင်ဆိုင်သည့် ဆိုင်ကယ် ၇ စီး၊ စက်ဘီး ၄ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးရှို့ဖျက်ဆီးပြီးနောက် မြစ်ဆုံကျေးရွာ အတွင်းသို့ ရောက်ရှိလာစဥ် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော စစ်သား ၃ ဦးမှ ၁ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးရွာတပ်ပေါင်းစု (မြောင်)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ မှ 27 Revolution Forceနှင့် မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ မှ တပ်ခွဲ ၁ မြေလတ် PDF၊ တပ်ခွဲ ၂ TTA-ပြောက်ကျားတပ်၊ တပ်ခွဲ ၃ Seven People Defense Force တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article