23 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ပြီး စစ်အင်အား ၁၃၀ ကျော်လာချသွားကာ ပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ – ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကံသာထွက်ဝရပ်ကွက်က နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (နတလရုံး)မှာ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ရက္ခိုင့်တပ်တော် AAက မိုင်းဖောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၁၅ ဦး သေဆုံးခဲပါတယ်။ – တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊ ပဲ့တိုင်ရွာမှာ စက်တင်ဘာလ ၇ ရက် နေ့ ကျရောက်တဲ့ D-Day ၁ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက် တိုက် ခိုက်ရာ စစ်ဗိုလ် ယောက္ခထီး ကျေးရွာ ဥက္ကဋ္ဌနဲ့ ပျူစောထီးခေါင်းဆောင်မြဝမ်းတို့ သေသွားတယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောတွေကို PDF အဖွဲ့ ၂၇ ခုက ပူးပေါင်းတိုက် ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article