26 C
Yangon

ဖားကန့်တွင် စျေးဝယ်ထွက်သည့် ရဲအုပ် အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးနိုင်၊ မြင်းခြံနှင့်အမရပူရတွင် ပျူစောထီး ၄ ဦးသေဆုံး၊ သိမ်ဇရပ်နယ်မြေရဲစခန်း ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ညနေ ၅ နာရီဝန်းကျင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးနိုင်ကာ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရဲ ၃ ဦးက မူးယစ်ရဲတွေ။ သူတို့ Wave Money တွေ ဘာတွေ လွှဲပြီးတော့ ထွက် လာကြတာ။ ပင်လယ်စာ ရောင်းတဲ့ ဆိုင်မှာ သွားဝယ်နေတုန်း ဝင်ပစ်တာ။ ၈ ချက်လောက် အပစ်ခံရတယ်။ ရဲအုပ်တစ်ဦးနဲ့ တပ်သား ရဲ ၂ ဦး ။ ၁ ဦးက ဒဏ်ရာ အတော်ပြင်းထန်တယ်။ နောက် ရဲ ၂ ဦးကလည်း ဆေးရုံမှာ။ ပင်လယ်စာရောင်းတဲ့ဆိုင်ပိုင်ရှင်လည်း လက်မောင်းကို ကျည်ထိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရသူများသည် ဖားကန့်မှ ရဲအုပ် အောင်ကိုလတ် အပါအဝင် ရဲ ၃ ဦး အပစ်ခံရခြင်းဖြစ်ပြီး ဖားကန့်ဆေးရုံတွင် ကုသမှု ခံနေရကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မွန်ပြည် နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေ ရဲစခန်းတွင် ဗုံး ပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က သိမ်ဇရပ်နယ်မြေရဲစခန်းအနီးကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်သည်ဟု သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း ၊ မြင်းခြံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီ အချိန် မြင်းခြံမြို့မှ ပြန်လာသော ဆုံရွာမှ ပျု ၃ ကောင် နဘူးအိုင်ရွာ နှင့် ပင်လယ်ရွာ အကြားတွင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆုံရွာမှ ဆိုင်ကယ် ၁၀ စီး ပျုစောထီး ၂၀ ခန့် ဂျင်ကလိ ၊ ဓား ၊ သေနတ်များဖြင့် အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိလာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အလားတူ မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်မြို့ ဥယျာဥ်တော်ကျေးရွ ာအုပ်စု အမှတ် ၆ ရာအိမ်မှူး၊ ပျူစောထီး တင်အုန်း ( ခ ) ပွကြီးစိန် ကို စက် တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း MN PDF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ ပေါက်ကွဲမှုဖြစ်ပွားသည့် သိမ်ဇရပ်နယ်မြေရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article