28 C
Yangon

ပုလောမှ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး မူးယစ်ဆေး၊ လက် ပစ် ဗုံး ကွန်ဒုံးများ သိမ်းဆည်းရမိ၊ လောင်းလုံးတွင် ပျုစောထီး ၂ ဦးသေဆုံး၊ ချင်းပြည်နယ်တွင် စစ်တပ်သတင်းထောက်လှမ်းရေး ၃ ဦးဖမ်းဆီးရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ယု သည် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပုလောဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက နန်းထိုက်အောင်စစ် ဆင်ရေး လှုပ်ရှားမှုအနေဖြင့် စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး မောင်ယုကို သင်္ကန်း မော်နှင့် ရွှေလုံးအော်အကြားတွင် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၊ အုပ်ချုပ်ရေးမှူးထံမှ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈) ခု၊ WY စိတ်ကြွ ဆေး (၈) လုံး နှင့် ခဲပြားတပြား၊ ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) က်ကွင်းနှင့်အတူ ဆေးထိုးအပ်၊ ဆေးဝါးများကို သိမ်းဆည်း ရမိခဲ့ကြောင်း ပုလော PDF က သ တင်း ထုတ်ပြန်သည်။

လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မောင်ယုသည် စစ်မှုထမ်းဟောင်း အုပ်ကြီး ဖြစ်သည့်အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူဖြစ်ကြောင်း၊ ယင်းအပြင် ဘိသိက်ဆရာ၊ အပ်ပုန်းဆရာအနေဖြင့် လုပ်ကိုင်ခဲ့သူလည်းဖြစ်ကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊အင်းဇော်ရွာနှင့်ပန္နလဲရွာကြားတစ်နေရာတွင် ပျူစောထီး၄ ဦး လိုက်ပါသော ကားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ပျူစောထီးအဖွဲ့ဝင်(၄)ဦးလိုက်ပါသော Vigoကားတစ်စီးကို ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့(DDT-တပ်ခွဲ၃) ရဲဘော်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ကအရင်လက်ဦးမှုယူပစ်ခတ်ခဲ့လို့ကားထိုးရပ်သွားတယ်။နှစ်ဖက်ပြန်လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ရဲဘော်တွေ ဘေးကင်းစွာပြန်ဆုတ်ခွာလာခဲ့တယ်”ဟု ထားဝယ် DDT-တပ်ခွဲ ၃ က ပြောဆိုသည်။

ယင်း တိုက်ခိုက်မှုတွင် ပျူခေါင်းဆောင်အမျိုးသမီး မညိုဝင်းနှင့် တူဖြစ်သူပျူအဖွဲ့ဝင်ကိုနိုင်လင်းအောင် တို့(၂)ဦးသေဆုံး သွားပြီး ထားဝယ်ဆေးရုံကြီး၌ ပျူ(၂)ဦးအရေးပေါ်ဆေး ကုသမှုခံယူရကြောင်း DDTအဖွဲ့မှတည်ပြုပြောဆိုသည်။

အလားတူ ချင်းပြည်နယ်တွင် Chinland Defense Force – Mara ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မရာ)၊ အမှတ် ၂ ဗျူဟာ၊ တပ်ရင်း ၁ က စက်တင် ဘာ လ ၇ ရက်နေ့ ခိုးကြောင်ခိုးဝှက်ဖြင့် သတင်းထောက်လှမ်းနေသော စစ်ကောင် စီ၏ သတင်းထောက်လှမ်းရေး ၃ ဦးတို့ကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထား သည်။

အဆိုပါ စစ်တပ်သတင်းထောက်လှမ်းရေး ၃ ဦးသည် CDF-Mara တပ်ရင်း ၁ ၏ မော် တော်ဆိုင်ကယ် ၂ စီးကို ခိုးယူပြီး မတူပီဘက်သို့ ထွက်ပြေး၍ CDF-Mara ရဲ ဘော်များက လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ CDF-Matupi က ပိတ်ဆို့ဖမ်းဆီးပေးရန် CDF-Mara နှင့် ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ကြောင်း၊ စစ်တပ် သတင်း ထောက်လှမ်းရေး တရားခံ ၃ ဦးကို စစ်ဆေးခဲ့ရာတွင် ၎င်းတို့တွင် လက်ပစ်ဗုံး(၂)လုံးပါရှိကြောင်း CDF တပ်များက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အသတ်ခံလိုက်ရသော စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး မောင်ယုနှင့် ၎င်းထံမှ သိမ်းဆည်းရမိသည့် ကွန်ဒုံး၊ မူးယစ်ဆေးဝါးနှင့်ငွေကြေးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article