28 C
Yangon

မန္တလေးမြို့၊ စျေးချိုတော်တွင် ရဟန်းတော်တစ်ပါးက “ UN Prove Your Existence for Justice” စာသား ဆွဲကိုင်၍ တစ်ကိုယ်တော်ဆန္ဒပြ စာတန်း ချိတ်ဆွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာပြည်သူ‌များကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိရေး အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် မန္တ​လေးမြို့ ​အထင်ကရ စျေးချို​တော်တွင် ယနေ့ နံနက် ပိုင်း သံဃာ တော်တစ်ပါးက တစ်ကိုယ်တော် ဆန္ဒပြသည်။

အစစ်​ဆေး အဖမ်းဆီးများကြားမှ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် သံဃသမဂ္ဂမှ ရဟန်း​တော်တစ်ပါးက “ UN Prove Your Existence for Justice “ စာသားကိုင်​ဆောင်ကာ တစ်ကိုယ်​တော်ဆန္ဒ​ဖော်ထုတ်ပြီး ယင်း စာတန်းကို ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည် ဆိုသည့် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်များ၏ သဘောထားဆန္ဒကိုလေးစားရန်၊ မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ရန် သံဃသမဂ္ဂအဖွဲ့က အလေးအနက် တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article