30 C
Yangon

ဖားကန့်တွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ထားရှိရေး ဒေသခံ ပြည်သူများ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၃ ရက် နေ့တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် KIA၊ PDFနှင့် NUG အစိုးရကို ထောက်ခံကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ဆန္ဒပြ ပြည်သူများမှ အမှန်တရားဘက်က ရပ်တည်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်၊ KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article