24.6 C
Yangon

ယောဒေသတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ယောဒေသတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲ အခမ်းအနားကို The Youth Force (Saw&Kyaukhtu)မှ ဦးဆောင်ကာ ဆန္ဒပြပြည်သူများကို လုံခြုံရေး ယူပေးခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆောမြို့နယ် ပ.က.ဖ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကာ အခမ်းအနားတွင် ဒေသခံပြည်သူလူထုရာနဲ့ချီ တက်ရောက်ခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်ထားရှိရေး ၊ NUG အစိုးရသာလျှင် ပြည်သူ့အစိုးရဖြစ်ကြောင်း ၊ စစ်အာဏာရှင်ကို လုံးဝ (လုံးဝ) လက်မခံကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article