34 C
Yangon

ရန်ကုန်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆန္ဒပြ လူငယ် ၁၅ ဦးကျော်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၊ ဖမ်း ဆီးခံရသူများ သတင်း ထောက် ၂ ဦးပါဝင်ပြီး အသက်မပြည့်သေးသော ကျောင်းသားကျောင်းသူများပါ အဖမ်းခံထားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆန္ဒပြ လူငယ် ၁၅ ဦးကျော်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၊ အဖမ်းခံရသူများ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ရေဘဝဲ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညနေ ၄ နာရီကျော်အချိန် ရန်ကုန်မြိုရှိ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ “UN Prove Your Existence For Justice” စာသားကိုကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဥ်အကြမ်းဖက်စစ်တပ်က အိမ်စီးကားများ၊အရပ်ဝတ်များဖြင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက် လက်ထားရှိရေး ဆန္ဒပြကြသည့် ရေဘဝဲ နှင့် မဟာ မိတ်အဖွဲအစည်းများမှရဲဘော် ၁၅ ဦးကျော်ကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများကိုအသုံးပြုကာ အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ကြသဖြင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)
Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း တော်ကိုယ်ပိုင် ကျောင်း ကျောင်းသားများသမဂ္ဂ ၊Owl Community ၊ သတင်း ထောက်များ အစရှိသောအဖွဲအစည်းအသီးသီးမှ အမျိုးသမီး၊အမျိုးသား များ၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း (၁၅) ယောက်ကျော် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အဖမ်းခံရသူများနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာသိုရောက်ရှိနေကြောင်းကိုမသိရကြောင်း၊ အဖွဲ့အစည်း အသီးသီးနှင့် မိသားစုဝင်များက အကြမ်းဖက်သူပုန်စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်ဆက်မှုများအပေါ် အသက်အန္တရယ်ထိခိုက်မှုရှိမည်ကို အထူးစိုးရိမ်နေလျက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article