34 C
Yangon

ပုလဲမြို့နယ် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားနေ၊ ကောလင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်သား ၈ ဦးကျဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ ကာ ကွယ်ရေးတပ် တို့ အကြားစက်တင်ဘာ၁၂ရက်နေ့နှင့် စက်တင်ဘာ ၁၃ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ သေ ဆုံးမှု များ ပြားနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

“မနေ့က စစ်ခွေးတွေကို အလစ်မိုင်းဆွဲနိုင်ခဲ့တယ်။ ဒီစစ်ခွေးတွေက ပုလဲမြို့နယ်၊ ရွာထင်ရွာမှာရှိတဲ့ အိမ်တစ်လုံးကို မီးရှို့ပြီး ရွာတောင်ဘက်ကို အင်အား ၁၂၀လောက်နဲ့ထွက်လာတာကို မိုင်း၄လုံးဆွဲခဲ့တာ။ မိုင်းက ရှေ့ထွက်မိုင်းဆိုတော့ ထိရောက်မှုကတော့ရှိတယ်။ ၃ယောက်ကတော့ နေရာတင်သေဖို့များမယ်။ အခြားဒဏ်ရာရသူတွေလည်းရှိနိုင်တယ်။ အဲဒီရွာကနေ ရွှေလောင်းရွာ ဘုန်း ကြီးကျောင်းမှာ တပ်စွဲပြီး ဒီနေ့ စက်တင်ဘာ၁၃ ရက်နေ့ နေ့ခင်း ၁ နာရီလောက်မှာ မွေ့တုံရွာကို တတိယအကြိမ် စစ်ခွေးတွေကမီးရှို့တယ်။ အဲလိုမီးရှို့ပြီး ညနေ၄နာရီမှာ ကျနော်တို့အဖွဲ့တွေ က အလစ်ဝင် တိုက်တယ်။ စစ်ခွေးတွေ အထိနာသွားတယ်ဗျ။ အကျိုး၊အကန်းစစ်သား ၃ဝ လောက်ကို ဆိုင်ကယ်တွေနဲ့ခေါ်ပြီး ပုလဲမြို့ပေါ်ကို ပစ်ဆုတ်ထွက်သွားကြတယ်။ သူတို့က နည်းဗျူဟာနဲ့လက်နက်သာရင်သာလိမ့်မယ်။ ကျနော်တို့ဘက် နယ်မြေကျွမ်းကျင်တာကိုအသုံး ချပြီး ပျောက်ကြားစစ်နဲ့တိုက်နေတော့ အထိခိုက်တော့ လက်ရှိအချိန်အထိ မရှိသေးဘူး” ဟု ကျားသစ်နက်ပျောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန် ခံ ကိုဖိုးသားက ပြောသည်။

ယခုတိုက်ပွဲကို ဒေါင်းနက်၊‌ဗမာ့ဒေါင်း၊ ကျားသစ်နက်ပြောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် စစ်ကောင် စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ဖြစ်ပွားသော တိုက်ပွဲတွင် PDF ၃ ဦး၊ ပကဖ ၅ ဦး စုစု ပေါင်း ၈ ဦး တိုက်ပွဲကျကြောင်း၊ ပြည်သူ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး အခြား ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူ ၂ ဦးတွင် CDM ကျောင်း ဆရာ ပါဝင်ကြောင်း Kawlin Revolution -KR က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

“အသေးစိတ်အခြေအနေတော့ မသိရသေးဘူး။ ဖြစ်တာတော့ တိုက်ပွဲထဲမှာ တိုက် ပွဲကျတာ” ဟု Kawlin Revolution-KR က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- KNU နယ်မြေတွင်စစ်သင်တန်းတက်နေကြသည့် PDF တပ်ဖွဲ့များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article