25 C
Yangon

စစ်ကောင်စီက ဖမ်းဆီးသွားသည့် တောင်ကုတ်မှ ဆရာဝန် ဒေါက်တာကျော်သူရထွန်း ၂ ပတ်ခန့်ကြာသည့်တိုင် အဆက်သွယ်မရ

Must read

ရန်ကုန်၊စက်တင်ဘာ ၁၄

ရခိုင်ပြည် တောင်ကုတ်မြို့မှ ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တောကျော်သူရထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားသည်မှာ ၂ ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း သတင်းအစနတစ်စုံတစ်ရာမရရှိဖြစ်နေဟု မိသားစုဝင်များကပြောသည်။

ဒေါက်တာကျော်သူရထွန်းကို စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းက တောင်ကုတ်ဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းအနီးမှ လူတစ်စုက တပ်ရှောင်လမ်းမှတစ်ဆင့် တောင်ကုတ်မြို့ရှိ ၅၄၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးပြီး ၂ ပတ်ခန့်ကြာသည့်တိုင် အဆက်သွယ်တစ်စုံတစ်ရာမရရှိဘဲဖြစ်နေရာ မိသားစုဝင်များအနေဖြင့် များစွာစိုးရိမ်မှုဖြစ်နေကြသည်ဟု ဇနီးဖြစ်သူက Western News ကိုပြောသည်။

“ရက်ပေါင်း ၁၀ ကျော်လာပါပြီ။ ခုထိဘာသတင်းအစနမှမရသေးပါဘူး။ မိသားစုဝင်တွေ အရမ်းစိုးရိမ်နေကြပါတယ်။ ရဲစခန်းတိုင်ချက်ဖွင့်ထားတာကလည်း ဘာမှမသိရသေးပါဘူး” ဟုပြောသည်။

ဒေါက်တာကျော်သူရထွန်း ဖမ်းဆီးခံရစဥ်၎င်း၏ ကိုယ်ပိုင်ကား ကားနံပါတ် (YGN 5H-8152) နှင့် လက်ကိုင်ဖုန်းလည်း ပါသွားကြောင်း မိသားစုမှပြောသည်။

ဒေါက်တာကျော်သူရထွန်း ဖမ်းဆီးခံရမှုကို ဖမ်းဆီးခံရသည့် စက်တင်ဘာ ၆ ရက်နေ့ ညပိုင်းတွင်ပင် ဇနီးဖြစ်သူက တောင်ကုတ်မြို့မရဲစခန်းသို့ တိုင်ကြားထားမှုရှိခဲ့သည်။

လက်ရှိရဲစခန်းမှ အမှုအခြေနေစုံစမ်းချက်နှင့်ပတ်သက်၍ သိရှိနိုင်ရန် တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးအား Western News မှဆက်သွယ်မေးမြန်းခဲ့ရာ စုံးစမ်းနေဆဲသာဖြစ်သည်ဟု ပြန်လည်ဖြေဆိုသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး မိသားစုနှင့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူအများအပြားရှိနေသည်။

စစ်ကောင်စီထံဖမ်းဆီးခံရပြီး လတ်တလော မိသားစုနှင့်အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူတောင်ကုတ်မှ ဒေါက်တာကျော်သူရထွန်းအပြင် ကျောက်တော် ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်း၊ သရက်တပင်မှ ဦးမောင်စောသာ၊ ပုဏ္ဏားကျွန်းမှ ဦးမိုးသီးခိုင်၊ ဘူးသီးတောင်မှ မီးကျောင်းစျေးအုပ်ချုပ်ရေးမှူး ဦးအာမီဟူးဆောင်း၊ တပ်မင်းချောင်း အုပ်ချုပ်ရေးမှူး ဦးကျော်လှ၊ မြောက်ဦးမှ ရင်ဆို့(ခေါ်) ကိုကျော်ဇံဝေတို့ဖြစ်သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article