33 C
Yangon

မုံရွာ၊ နဂါးတွင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၂ ဦးဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် နံနက်ပိုင်းတွင် လက်နင်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် နဂါးတွင်းကျေးရွာကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်းသိရသည်။

ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံး ထိမှန်ကာ ယာတဲများလည်း မီးလောင်ပြာကျပြီး နဂါးတွင်းရွာ ဘုန်းကြီးကျောင်းရှိ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံထားရကာ လက်ရှိချိန်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ ရွာထဲမှာတော့ ပြည်သူ ၁၂ ဦး ဖမ်းဆီးခံထားရတယ်။ ရွာထဲပြန်ဝင်လို့ မရသေးတော့ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူပိုင်နေအိမ်တွေကိုပါ စစ်ခွေးတွေက မီးစရှို့နေပြီး ပျက်စီးဆုံးရှုံးမှု များနိုင်တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article