ရန်ကုန်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ပြည်သူများက ငြိမ်းချမ်းစွာဖြင့် NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုသ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိတ်မှောက်ကြသည်။
‘NUGအစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်
အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ ‘စသည်ဖြင့် လူထုထောက်ခံဆန္ဒပြ တောင်းဆိုကြသည်။