ရန်ကုန်၊ စက်တင်ဘာ ၁၅
မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘုံရန်သူဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ရေး ရဲဘော်များ မျက်ခြည် မပြတ်ကြရန် “မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ရှောင်ကြဥ်၊ ကိုယ့်အချင်းချင်း ပွတ်တိုက်မှုတွေ သတိထား ဘုံရန်သူကို မျက်ခြည်မပြတ်ကြနဲ့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။