ရန်ကုန်၊ စက်တင်ဘာ ၁၇
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် “တာဝန်ရှိလို့ တာဝန်သိစွာတော်လှန်နေတာ တာဝန်ရှိလျှက် တာဝန်သိစွာ မတော်လှန်ရင် ဒီနိုင်ငံမှာ အဓမ္မနဲ့ လူယုတ်တွေပဲ ကြီးစိုးသွားမှာပေါ့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။