Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အသက် ၆၅ နှစ်ပြည့်ချိန် စစ်တပ် ဦးစီးချုပ်ရာထူးမှ ပင်စင်ယူခါနီး အာဏာရာထူး ငမ်းငမ်းတက် ဖြစ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေးအတွက် အဓိက စတင်တွန်းအားပေး ခဲ့သူတစ်ဦးမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦးဖြစ်တယ်လို့ သိရပါတယ်။ – စစ်တပ်က အမျိုးသားရေး နဲ့ မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်အပါအဝင် ဒုစရိုက်သမားများကို ၂၀၁၁ ခုနှစ်အချိန်ကတည်းက စတင် မွေးထုတ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ – စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေရဲ့ အခြေခံ အလုပ် သမားအခွင့်အရေးတွေချိုးဖောက်ခံနေရတဲ့သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းတွေ ကိုတင်ဆက်ပေး ပါမယ်။