31.3 C
Yangon

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀၀ ခန့်ကို ဓါးစာခံလုပ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်း-ကရင်နီအစပ်ရှိ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ ၁၉ ရက် ယနေ့ နံနက် အစောပိုင်းမှ စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး လက်ရှိတွင် ဒေသခံ ၁၀၀ ဝန်းကျင်ခန့်ကို ဓါးစာခံလုပ် ဖမ်းဆီးထားကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁ နာရီမှ စတင်ကာ အကြမ်းဖက်စစ်တပ်သည် သံချပ်ကာအမြှောက်ကားများအပါအဝင် လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပြီး စစ်ကြောင်း ၂ ခုဖြင့် မိုးဗြဲမြို့ကို စတင် ဝင်ရောက်လာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရပြီး အရေအတွက်အသေးစိတ်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များ ပူးပေါင်း ခုခံ တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်သည် လက်ရှိတွင် မိုးဗြဲမြို့ရှိ စက်တော်ရဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းများတွင် တပ်စွဲထားကာ ဒေသခံ ပြည်သူ ၁၀၀ ဝန်းကျင်ခန့်ကို ဓါးစာခံလုပ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယနေ့တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၂ ဦး ကျဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က စီးနင်းထားပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေဖြစ်သဖြင့် ဒေသခံများအနေဖြင့် လုံခြုံစိတ်ချရသော နေရာများတွင် နေထိုင်ကြရန် မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article