26 C
Yangon

KNU တပ်မဟာ ၅ တွင် ကျူးကျော်တပ်စွဲထားသော စစ်တပ်စခန်းများကို KNLA က တိုက်ခိုက်၍ စစ်သား အနည်းဆုံး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်းများကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး သေဆုံးကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ကော်သူးလေတပ်မတော် လက်အောက်ခံ ကရင့်ကာကွယ်ရေးတပ် အမှတ် ၁ တပ်ရင်းက ဖာပွန်မြို့နယ်၊ ခေါပုပ်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ ၅ က ဆိုသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် KNLA တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်များသည် ခေါပုပ်စခန်းကို ၂ ကြိမ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လယ်ကျိုးခိုနှင့် လှဂွန်းပျိုရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ကြား ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျမသိရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယင်းအပြင် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ကော်သူးလေတပ်မတော် အမှတ် ၁၀၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် လှဂွန်းပျိုစစ်တပ်စခန်းကို ခြုံခိုတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း၊ KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNLA ကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း မူတြော်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article