26 C
Yangon

မင်းအောင်လှိုင် မြေး ၄ ဦး ကျောင်းမတက်တော့၊ ဒီပဲယင်း စာသင်ကျောင်းမှ မူလတန်း ကလေးငယ်များကို ရဟတ် ယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ကျောင်းမတက်တော့ခြင်းဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် မူလတန်း ကလေးငယ်များကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် မင်းအောင်လှိုင်၏ မြေး ၄ ဦး ပုံမှန် ကျောင်းတက်နေသည့် အင်းယားမြိုင်ရှိ EMPS-10 ကျော်ငးသို့ လာမတက်တော့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“အင်းယားမြိုင် EMPS-10 မှာတက်နေတဲ့ မင်းအောင်လှိုင် မြေး ၄ ဦးလုံး မနေ့ (စက်တင်ဘာ ၁၉ ရက်နေ့)မှာ ကျောင်း မတက်တော့ဘူး။ ဒီနေ့လည်း ကျောင်းမလာဘူး။ ပုံမှန် ကျောင်းမှာ ချထားတဲ့ လုံခြုံရေးတွေ၊ မိုင်းဝင်ရှာတာတွေလည်း မရှိဘူး။ ခဏ ယာယီ နေမကောင်းလို့ ကျောင်းပျက်တာလား။ အခြားကျောင်းကို ရွှေ့တာလား အဲဒါ သေသေချာချာမသိဘူး။ ဒါပေမယ့် ဒီပဲယင်းမှာ ကလေးတွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီးမှ မအလမြေးတွေ ပျောက်သွားတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်သည် EMPS-10 Y3 တွင်လည်းကောင်း၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ခေါ်) ရွှေပိုးသည် EMPS-10 KGA တွင်လည်း ကောင်း၊ မင်းအောင် လှိုင် ၏ သမီး ခင်သီရိသက်မွန် သမီး အိပိုး (ခေါ်) ဧကရီသက်မွန်လှိုင်သည် EMPS-10 Y5 ၊ မေပိုး(​ခေါ်) မေဘရဏီသက်မွန်လှိုင် သည် EMPS-10 Y1 တွင် ပညာသင်ကြားလျက်ရှိသည်။

EMPS ကျောင်းကို မင်းအောင်လှိုင်နှင့် အောင်ပြည့်စုံ တို့၏ မိသားစု စီးပွားရေး တာဝန်ခံ မောင်မောင်နိုင်၏ ညီအရင်းဖြစ်သူ မောင်မောင်လတ်(Lucky Man ဘက်ထရီနှင့်တာယာလုပ်ငန်း ဒါရိုက်တာ) နှင့်ဇနီးဖြစ်သူ ဒေါ်ချောစုလှိုင်က တာဝန်ခံ ဖွင့်လှစ်ထားသော ကျောင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ မြေးများအပြင် ၀ဏ္ဏမောင်လွင်၏ မြေးများ၊ အခြားစစ်ဗိုလ်ချုပ်များ၏ သားသမီးနှင့်မြေးများ၊ ငွေ ကြေး ချမ်းသာသူဌေးမိသားစုများ မြေးများ ကျောင်းထားကြသည်ဟု သိရှိရသည်။

မင်းအောင်လှိုင် မိသားစုပိုင် EMPS ကျောင်း သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင်(EMPS-10) ကျောင်းခွဲများကို ဖွင့်လှစ်ခဲ့ကြောင်း ၊ ထို့ပြင် အင်းယားမြိုင် ရွှေ တောင်ကြား ၂ ရပ်ကွက်တွင် Universal Academy Myanmar (UAM-48) ၊ စော်ဘွားကြီးကုန်း မီးပွိုင့်နားတွင် မင်းဓမ္မကျောင်း၊ မန္တလေးက Grand Mandalar School များကိုလည်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့်မိသားစု၊ မြေးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article