26 C
Yangon

စစ်တပ်က ရဟတ်ယာဉ်ဖြင့် စာသင်ကျောင်းကို ပစ်ခတ်ပြီး မူလတန်းကလေးငယ်များကို သတ်ဖြတ်လိုက်သည့် စစ်ရာဇဝတ်မှု 

Must read

စစ်တပ်က ရဟတ်ယာဉ်ဖြင့် စာသင်ကျောင်းကို ပစ်ခတ်ပြီး မူလတန်းကလေးငယ်များကို သတ်ဖြတ်လိုက်သည့် စစ်ရာဇဝတ်မှု By ရန်ကုန်ခေတ်သစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မူလတန်းစာသင်ကျောင်းမှန်းသိသိနဲ့ စစ်ကောင်စီကတိုက်ခိုက်ခဲ့တာပါ။ဒီလိုတိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ဒီလိုလေကြောင်းကနေ တိုက်ခိုက်ပြီးတော့ မြေပြင်ကနေလည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ လက်ယက်ကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီလိုစီးနင်းပြီးနောက် မူလတန်းကျောင်းသား ၂၀ကျော်နဲ့ ဆရာမနှစ်ဦးကို လူသားဒိုင်း အဖြစ်ဖမ်းခေါ်သွားသလို သေဆုံးခဲ့တဲ့ ကလေးတွေရဲ့အလောင်းကိုလည်း သိမ်းယူသွားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မူလတန်းကျောင်းကို အကြောင်းမဲ့သက်သက်ပစ်ခတ်သတ်ဖြတ်ပြီး ကလေးတွေ ဖမ်းခေါ်သွားတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေပါ။ ကုလအဖွဲ့စည်း UNICEF နဲ့ Save the Children တို့က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်တွေထဲမှာတော့ စစ်ကောင်စီကို ပြစ်တင်ရှုတ်ချတာမျိုးကိုတော့ မတွေ့ရပါဘူး။ ထုတ်ပြန်ချက်တွေကို မြန်မာပြည်သူတွေက ဒေါသတကြီး တုံ့ပြန်တာတွေကို တွေ့ရပါတယ်။ နိုင်ငံတကာအနေနဲ့ စာသင်ကျောင်း တွေကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် တရားမျှတမှု ဖော်ဆောင်ရေးမှာ အားဖြည့်ပံ့ပိုးဖို့ တာဝန်ရှိတယ်လို့ NUG တိုက်တွန်းထားပါတယ်။ ဒီနေ့မှာတော့ စာသင်ကျောင်းက ကလေးတွေကို သတ်ဖြတ်တာဟာ ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်လာနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article