ရန်ကုန်၊ စက်တင်ဘာ ၂၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဗိုလ်မှူးအောင်ထွန်းကို အရေးကြီး တရားရုံး စာရွက် စာတမ်းများ၊ ဒရုန်း၊ ကျည်ကာများနှင့်အတူ အရှင် ဖမ်းမိခဲ့သော်လည်း ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း Earthquake People’s Defense Force အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လားရှိုးမြို့မှ နေရပ် အနောက်ခြောက်ကန်ကျေးရွာကို ပြန်လာသည့် စစ်တပ် ဗိုလ်မှူးကို နေအိမ်တွင် အရှင်ဖမ်းဆီးရမိသော်လည်း ပြန်လည်ခုခံသောကြောင့်ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ၊ လက်နက် ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ် သောကြောင့် အိမ်အတွင်း ရှာချိန်မရဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း
Earthquake People’s Defense Force အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“ဟုတ်တယ်။ အဲဒီဗိုလ်မှူးက သေပါပြီ။ ပြန်ပြီး ခုခံလို့ ပစ်ခတ်ရတာပါ” ဟု Earthquake People’s Defense Force အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ ဗိုလ်မှူးအောင်ထွန်းထံမှ စအဖ မှတ်တမ်းများ၊ တခြားရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းနှင့် အခြားအရေးကြီးသည့် စာရွက်စာတမ်းတွေနဲ့အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့်စာရွက်စာတမ်းများအပေါ် အခြေခံ၍ အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။