26 C
Yangon

သာကေတ ၄ မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် လက်ဖက်ရည်သောက် နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ခရမ်းမြို့နယ်ထွေ/အုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်သည် ယနေ့ ညပိုင်း လက်ဖက်ရည်သောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် သာကေတ ၄ မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဝင်းဗိုလ် လက်ဖက်ရည်ဆိုင်တွင်ထိုင်ပြီး လက်ဖက် ရည်သောက်နေစဉ် သေနတ်ဖြင့် ၄ ချက် အပစ်ခံရကြောင်း ၊ လက်ဖက်ရည်ဖိုးမရှင်းဘဲ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခု စစ်တပ်ရော ရဲရော တော်တော်များတယ်။ လာစစ်နေကြတာ။ အခင်းဖြစ်တဲ့ ရိုးရိုးလေး လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေလည်း ခေါ်အမေးခံရတ ယ်။ ဒီညတော့ ဧည့်စာရင်းစစ်မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့သူရဲကောင်းရဲဘော်နှစ်ဦး ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ခရမ်းမြို့ရှိ စစ်ကောင်စီတပ် တပ်စွဲနေရာယူထားသော ခရမ်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်း PDF ထံမှ သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ထွေအုပ်ရုံးဝန်ထမ်းနှစ်ဦးပါ သေဆုံးသွားခဲ့ကြောင်း ၊ ထို့ပြင် စစ်ကောင်စီတပ်သား ၁ ဦးနှင့် ထွေအုပ်ရုံးဝန်ထမ်း ၃ ဦး၊ စကစခန့်အုပ်ချုပ်ရေးမှူး ၁ ဦးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြပြီး ထွေအုပ်ရုံးအတွင်းရှိ အဆောက်အဦးများ အပျက်အစီးများခဲ့ကြောင်း ခရမ်း PDF နှင့်ဒေသသတင်းရင်းမြစ် ခရမ်းချန်နယ်ထံမှ သိရှိရသည်။

ခရမ်းမြို့ ထွေအုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ခရမ်းမြို့က အရေးပေါ်လူနာတင်ကားတွေသာမက သန်လျင်မြို့က အရေးပေါ်လူနာတင်ကားများနှင့်ပါ လူနာများကို သယ်ဆောင်နေရကြောင်း သိရှိရသည်။

ယခင်နှစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ခရမ်းမြို့နယ်တွင် ခရမ်း-PDF နှင့် စစ်ကောင်စီတပ်တို့ ပထမဆုံး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ရာ ခရမ်း-PDF ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်သား ၅ ဦးခန့် သေဆုံးခဲ့ပါသည်။

ဓာတ်ပုံ- သာကေတမြို့နယ် ထွေအုပ်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article