By ရန်ကုန်ခေတ်သစ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်တပ်စက်လှေများ တိုက်ခိုက်ခံရပြီး လှေ ၃ စီးနစ်မြှုပ်ကာ စစ်သား ၂၇ ဦးသေဆုံးမှုအပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်သား ၅၉ ဦးသေဆုံးကြောင်း၊ PDF ၃ ဦး ကျဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
ရွှေကူတွင် စစ်တပ်စက်လှေများ တိုက်ခိုက်ခံရပြီး ၃ စီးမြုပ်ကာ စစ်သား ၂၇ ဦးသေဆုံး
စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မြို့လှ K-PDF နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၈၈ လက်အောက်ခံတပ် ခလရ (၇၈) အင်အား ၁၀၀ ခန့်သည် ရွှေကူမြို့ ကျွန်တော်ရွာမှ ကူတို့ စက်လှေ ၄ စီးဖြင့် မိုးစစ်ရွာဘက်သို့ ကူးလာစဥ် မြို့လှ K-PDFက တိုက်ခိုက်ရာ စက်လှေ စက်လှေ ၃ စီး နစ်မြုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရွှေကူမြို့ သို့ ဒဏ်ရာ ရသူ ၅ ဦးသယ်ယူသွားခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် မိုးစစ်ရွာဘက်သို့ ရမ်းသမ်း ပစ်ခတ်မှု့ကြောင့် ပြည်သူနေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးထိခိုက်ခဲ့ကြောင်း၊ အပြစ်မဲ့ကလေးငယ် ၇ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးခဲ့ကြောင်း မြို့လှ K-PDF က သတင်းထုတ်ပြန်သည်။
ချောင်းဦးတွင်စစ်သား ၃ ဦး ဒဏ်ရာရ
ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့် ချောင်းဦးမြို့နယ် ကံဇီးကျေးရွာမှ တပါယ်အင်းကျေးရွာ အနောက်တောင်ဘက်သို့ ထွက်လာသော စစ်သား ၅ ဦးကို အသင့်ကင်းပုန်းဝပ်စောင့်ဆိုင်းနေသော ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း (၅)၊ Aung San Force တပ်ခွဲ(၁)၊ တပ်ခွဲ(၂) ရဲဘော်များမှ လက်ဦးမှုရယူ၍ လက်နက်ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားရာ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထီးလင်းတွင် စစ်သား ၆ ဦးသေဆုံး
စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းထီးလင်းမြို့နယ် ကြူသာရွာစခန်းချအိပ်ခဲ့သော စစ်သား ၁၅၀ ခန့် သည် ကြူသာရွာအရှေ့တောင်ဘက် ဒေသအခေါ် ခြင်းကုန်းနားသို့ရောက်ရှိလာပြီး PDF တပ်ပေါင်းစုနှင့် ဖြစ်ပွားကြောင်း၊ တိုက်ပွဲ ကြာမြှင့်ချိန် နာရီဝက်တိတိ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးကြောင်း အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၇က သတင်းထုတ်ပြန်သည်။
အရာတော်တွင် စစ်သား ၁၁ ဦးသေဆုံး
စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၃နာရီအချိန် အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ အင်အား ၃၀ ခန့်ရှိသော ပျူစောထီးစခန်းကို အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုနှင့် ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၇ဦးနှင့် စစ်သား ၄ဦး တိုက်ပွဲနေရာတွင် သေဆုံးပြီး ၉ဦး ဆေးရုံရောက်ရှိသွားကြောင်း လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ပြောသည်။
ထိုတိုက်ပွဲတွင် လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့မှ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်တော်သား ၇ဦး နေရာတွင်လဲကျသေဆုံးကြောင်း ၊တိုက်ပွဲချိန်အားဖြင့် ၄၅မိနစ်ခန့် တိုက်ပွဲပြင်းထန်၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး အလုံး၃၀ခန့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ၅၃၀ တပ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး
ရှမ်းပြည်နယ်တွင် စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ ၂၅ နာရီတွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုက စစ်ကောင်စီ၏ ၅၃၀ အမြှောက်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးကြောင်း၊ ယင်းတိုက်ပွဲတွင် အမှတ်(၁၀၀၅) တပ်ရင်းမှ လက်လုပ်အမြှောက်များဖြစ်သည့် (၁၀၀၅-မမ)နှင့် ၆၀ မမ တို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း တရားဝင်သတင်းထုတ်ပြန်ထားချက်အရ သိရှိရသည်။
မြစ်ခြေ-ကျွန်းချောင်းနယ်တွင် ၉ ရက်တာတိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ- ကျွန်းချောင်း မြိုကနယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် PDF တပ်များ ၉ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကာ ၃၀ ကျော်အထက် ထိခိုက်ဒဏ်ရာရရှိကြောင်း မြစ်ခြေ-ကျွန်း ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၅၇၀ ခန့်ဖြန့် စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်တပ်ဝင်ရောက်စီးနင်းခဲ့သော နေရာများတွင် ငွေကျပ် သိန်း ၆၀၀ ပမာဏ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မိုးဗြဲ ယနေ့တိုက်ပွဲတွင် စစ်သား အများအပြား သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံး
မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသောအကြမ်းဖက် စစ်တပ်နှင့် မဟာမိတ် တပ်ပေါင်းစုများအကြား ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်မှစ၍ စတင်ထိတွေ့မှုဖြစ်ခဲ့ပြီး ညနေ ၆ နာရီ အချိန်အထိ တစ်နေကုန် တိုက်ပွဲပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်သားအများအပြားသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အသေစားဒဏ်ရာ ၄ ဦး၊ စိုးရိမ်ရဒဏ်ရာ ၃ ဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် ၂ ဦးမှာကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။
