ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေဥက္ကံ ကျေး ရွာ၏ ညနေဆည်းဆာလှည်းယာဥ်သပိတ်ကို လူထုအင်အားကောင်းကောင်းဖြင့် ချီတက်ကြသည်။ ယင်းမာပင်ဆားလင်းကြီး သပိတ်ကော်မတီဝင်များ ရွှေနွယ်သွေးသပိတ်ဦးဆောင်သူများ၊ ယင်းမာပင်မြောက်ခြမ်းမှ သပိတ်ကော်မတီဝင်များနှင့် မြန်မာအမျိုးသမိးများ မဟာမိတ်အဖွဲ့(WAB) အဖွဲ့ဝင်များက ပူပေါင်းချီတက်ခဲ့ကြသည်။
“ငါတို့အညာကိုလာမထိနဲ့” မီး” ပွင့်သွားမယ်”ဆိုသည့် စာသားကို ကိုင်ဆွဲ ချီတက်ရင်း စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒပြကြခြင်းဖြစ်သည်။