22 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး၊ စစ်သုံးကားတစ်စီး ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ ၅ တွင် အကြမ်းဖက်စစ်တပ်နှင့် ကော်သူးလေတပ်မတော်ကြား စက်တင်ဘာလ ၂၃ ရက် ယမန်နေ့တွင် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရကာ စစ်သုံးကားတစ်စီး ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဘူးသိုမြို့နယ်အတွင်းရှိ နတ်တောင် စစ်တပ်စခန်းကို ၂ ကြိမ်၊ လူသောမြို့နယ် ဝါဒိုဒေးတွင် ၁ ကြိမ်၊ ထော်မူလယ်မဲတွင် ၁ ကြိမ်၊ ဒွယ်လိုးမြို့နယ် ဝါသိုးခိုကျေးရွာအနီးတွင် ၁ ကြိမ်၊ မဲဝိုင်စခန်းအနီးတွင် ၁ ကြိမ် စစ်ကောင်စီတပ်ဖွဲ့များကို ကော်သူးလေတပ်မတော်၊ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များသည် တပ်မဟာ ၅ နယ်မေအတွင်းသို့ ယမန်နေ့တွင်လည်း ထပ်မံဝင်ရောက်လာကာ ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများကို ပျဉ်းကတိုးသစ်များ မဖြစ်မနေ ခုတ်ပေးရမည်ဟု အမိန့်ပေးထားကြောင်း မူတြော်သတင်းစဉ်ထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖာပွန်-ကမမောင်းလမ်း မိုင်တိုင် ၄၀ အနီး လှုပ်ရှားနေသော BGF တပ်ရင်း ၁၀၁၃ တပ်ဖွဲ့က ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ဒေးညားထာဒေသအတွင်းသို့ ၆၀ မမ လက်နက်ကြီးကျည် ၂ လုံး ပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article