26 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မကွေး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်တဲ့လိင်စိတ်လွန်ကဲသူ ရဲမှူးကြီး သူရသွင်ကိုကို နေရာ အစားထိုး ခန့်အပ်ခံရတဲ့ ရဲမှူးကြီး လင်းထွဋ်ဟာ စီးပွားရေးသမားတွေဆီက သိန်းရာချီ ငွေတောင်းနေပါတယ်လို့ သိရပါတယ်။ -ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးရှိ ကြံ့ဖွတ် မြို့နယ်နဲ့ ခရိုင် တွဲကာ ဖွင့်လှစ်ထားတဲ့ကြံ့ဖွတ်ရုံး မြေကွက်ကို အကွက်တွေရိုက်ကာ ပွဲစားတွေကနေတဆင့် ရောင်းချနေတယ်လို့ ကြောင်း မြစ်ကြီးနားမြို့ခံတွေဆီကသိရပါတယ်။ – မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေကျွန်းချောင်းနယ်အတွင်း အကြမ်းဖက်စစ်တပ်က ၉ ရက်အတွင်း ပြည်သူ့နေအိမ် ၅၉ လုံးကို မီးရှို့ဖျက်ဆီးမှု အပါအဝင် စုစုပေါင်း တန်ဖိုး သိန်းပေါင်း ၂၂၇၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ – အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာအောက်ကျို့ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂ အေဂျင်စီ တွေ၊ ရန်ပုံငွေအဖွဲ့တွေနဲ့ အခြားအဖွဲ့အစည်းတွေကို မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေမှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီကို အရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့က စာရေးသား တောင်းဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article