24 C
Yangon

လူပေါင်း ၁၀၀ ကျော်ကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး UAE သို့ပို့ဆောင် ငွေ လိမ်လည်၊ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်လည်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပြည်တွင်းမှ လူ ၁၀၀ ကျော်ကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး UAE သို့ပို့ဆောင်ငွေ လိမ်လည်မှုဖြစ်ပွားပြီး အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်လည်သွားကြောင်း လိမ်လည်ခံလိုက်ရသူများက ပြောသည်။

ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်၊ လက်မှတ်ဖြတ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၅၀၀ စီ တောင်းခံပြီး ကိုရီးယားသို့ မပို့ဆောင်ဘဲ Dubai နှင့် Sharjah ကိုသာ ပို့ဆောင်ခံရသူ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ရှိနေကြောင်း၊ UAE တွင် အဆောင်ငှားပေးကာ ပိုက်ဆံပြန်မပေးသဖြင့် လူပေါင်း ၁၀၀ ကျော် ဒုက္ခကြုံတွေ့နေရကြောင်း ကိုယ်တိုင် ကြုံတွေ့ခံစားရသူများထံမှ စုံစမ်းသိရှိရသည်။

ငွေလိမ်လည်သူမှာ ကုမ္ပဏီအမည် KO GYI (ကိုကြီး) ပိုင်ရှင်ဖြစ်သူ အောင်ဇင် (ခေါ်) ကိုကြီး (ခေါ်) Alex Xavier ဆိုသူဖြစ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၅၀၀ နှင့် လူပေါင်း ၁၀၀ ကျော်စီမှ ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်ယူထားခြင်းဖြစ်ကြောင်း၊ ပိုက်ဆံများကို ပြန်လည်ပေးအပ်ခြင်း မရှိဘဲ စက်တင်ဘာလအတွင်း ထွက်ပြေးတိန်းရှောင်သွားကြောင်း ရန်ကုန်ခေတ်သစ်သို့ ကိုယ်တွေ့ကြုံတွေ့ ခံစားရသူများက ပြောကြားသည်။

“၅ လပိုင်းထဲကပါဗျ။ ကိုရီးယားကို ပို့မယ်ဆိုပြီး ဒီမှာ သောင်တင်နေတော့ သူ့အမေက အဆောင်ငှားပြီး ပိုက်ဆံပြန်မပေးဘဲ သူတို့ကျွေးတဲ့ အတိုင်းနေရပါတယ်။ နောက်ပြီး မြန်မာပြည်က သူ့ရုံးကို ရဲတိုင်တော့ သူက ရှေ့နေဆိုတော့ ရှေ့နေသက်တမ်းတိုးပြီး တိုင်တဲ့ လူကို တရားပြန်ဆွဲပြီးတော့ ခံဝန်ကတိနဲ့ တောင်းပန်စာပြန်ရေးခိုင်းခဲ့ရပါတယ်။ ရဲတွေကို လာဘ်ထိုးပြီးတော့ လုပ်နေတာပါဗျ” ဟု UAE နိုင်ငံတွင် သောင်တင်နေရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် ကိုကြီး (ခေါ်) အောင်ဇင်မှာ Sharjah တွင် စားသောက်ဆိုင်ဖွင့်မည်ဟု ဆိုကာ ရှယ်ယာရှင်အနေနှင့် ခေါ်ယူပြီး တစ်ဦးလျှင် သိန်း ၁၀၀ စီဖြင့် ၂၁ ဦးခေါ်ယူခဲ့ကြောင်း၊ ဆိုင်ကို ဟန်ပြသာ ဖွင့်၍ လက်ရှိအချိန်တွင် အကုန်ပိတ်သွားသဖြင့် ရှယ်ယာရှင် ၂၁ ဦးမှာလည်း Sharjah တွင် အခက်တွေ့နေရကြောင်း၊ ကိုရီးယားပို့မည်ဟုဆိုကာ မပို့ဘဲ ၎င်းတို့ ငှားပေးထားသည့် အဆောင်တွင် နေထိုင်နေရသည့် လူများကိုလည်း Visa သက်တမ်းတိုးပေးခြင်းမရှိ၍ UAE တွင် ဒုက္ခတွေ့နေရကြောင်းလည်း လိမ်လည်ခံရသူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article