35 C
Yangon

တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်၊ ပြည်သူ မထိခိုက်စေရန် သတိထားဖောက်ခွဲခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများအားလုံးတွက်ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Centuryအဖွဲ့တို့ပူးပေါင်း၍ တာမွေမြို့နယ်အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် ၁၆၅ လမ်းရှည်ထောင့်ရှိ တာမွေကြီး(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် အဝေးထိန်းမိုင်းဖြင့် သွားရောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်‌ပြီး ရုံးတွင် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်။

“သမိုင်းမစ်ရှင်မှာပြည်သူထိခိုက်မှုရှိခဲ့လို့ တာမွေ မစ်ရှင်မှာ ပြည်သူမထိအောင် ဂရုစိုက်ထားပါတယ်။ ရုံးဖွင့်ချိန်လုပ်လို့ရပေမယ့် ဧည့်စာရင်းတိုင်တဲ့သူတွေ ထိ့ခိုက်သွားမှာစိုးလို့ လူကင်းတဲ့အချိန်မှာ တိုက်ခိုက်တာပါ” ဟု တော်လှန်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ကလည်း သမိုင်းလမ်းဆုံရှိ လုံခြုံရေး ဘန်ကာအနီးတွင် ဗုံးဖောက်ခွဲခဲ့ပြီး ပြည်သူ ၂ ဦးထိခိုက်သဖြင့် တောင်းပန်ကြောင်း Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Centuryအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- မိုင်းခွဲတိုက်ခိုက်ခဲ့သည့် တာမွေကြီး (ခ) ရပ်ကွက်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article