33 C
Yangon

ထားဝယ်မှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း တပ်ကိုစွန့်ခွာပြေးကြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းထားဝယ်ခရိုင်မှာ အခုလအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း တပ်ကိုစွန့်ပြေးခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ၁၂ ဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

“ထွက်ပြေးတာကသေချာပါတယ်။ အကောင်ကြီးတစ်ယောက်လည်းပါတယ်လို့သိရတယ်” လို့ မောရဝတီရေတပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ထွက်ပြေးသူတွေထဲမှာ ဆေးမှူးဗိုလ်ကြီးတစ်ဦးပါဝင်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။

ထွက်ပြေးသွားတဲ့ ၁၂ ဦးထဲက ၂ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

အဲဒီရေတပ်စခန်းမှာ တစ်နှစ်ကျော်အထိ အပြင်ထွက်ခွင့် ပိတ်ခံထားရတဲ့စစ်သားတွေလည်းရှိနေပြီး အရေးကြီးညွှန်ကြားချက်ရတဲ့သူတစ်ချို့ နဲ့ စျေးဝယ်တဲ့သူ ငါး ယောက်ခန့်‌သာအပြင်ထွက်ခွင့်ရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူ အဝန်းအဝိုင်းကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေထွက်ပြေးပြီးနောက် ကံပေါက်ကနေအိမ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ရှာဖွေ စစ်ဆေးတာတွေတင်းတင်းကြပ်ကြပ်လုပ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

မောရဝတီရေတပ်စခန်းက စစ်သားတွေအပြင် ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းမှာ တာဝန်ကျနေတဲ့စစ်သား သုံးဦးထက်မနည်း ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာပဲ ထွက်ပြေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။

ပြီးခဲ့တဲ့နှစ်လလောက်ကလည်း ထားဝယ်အရှေ့တောနယ်ကို စစ်ကြောင်းထိုးချိန်မှာ ကံပေါက်အခြေစိုက် ခလရ ၂၇၃ က စစ်သားနှစ်ဦးလက်နက်အပြည့်အစုံနဲ့ထွက်ပြေးခဲ့ဖူးတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မောရဝတီရေတပ်စခန်းဌာနချုပ်ကစစ်သား ဆယ်နဲ့ချီထွက်ပြေးခဲ့ဖူးပါတယ်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ စစ်သားအိုကြီးတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

(The Tanintharyi သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article