26 C
Yangon

မင်္ဂလာဒုံ ယခုည ယာဉ်တိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးပြီး ရဲ ၆ ဦးဒဏ်ရာရ ၊ Hiject ယာဉ်ပေါ်တွင် စကားပြောစက်များပါရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနားတွင် ကားတိုက်မှုဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် လိုက်ထရပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများလည်း စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ကြောင်း သိရှိရသည်။

“အခုသတင်းတွေ တပ်နဲ့ရဲဘက်က လိုက်ဖုံးနေတယ်။ သေတာက စစ်သား ၃ ဦး၊ ပွဲချင်းပြီးတယ်။ အဲဒီမှာ ယာဉ်မောင်းက ကားထဲမှာ ညှပ်နေတာ။ ဒဏ်ရာရတာ ရဲတွေပဲ။ အားလုံး အရပ်ဝတ် တွေနဲ့ချည်းပဲ။ ကားပေါ်မယ်မှာ စကားပြောစက်တွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊ သို့ရာတွင် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ မှတ်ချက်မပေးဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

မင်္ဂလာဒုံမှ ပရဟိတအသင်းတစ်ခုကမူ သေဆုံးသူ ၃ ဦးသည် စစ်သား များဖြစ်ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။

ဓာတ်ပုံ- ယနေ့ည မင်္ဂလာဒုံ၊ ကျိုက်ကလဲ့အနီးမှ ယာဉ်တိုက်မှုနှင့်ကယ်ဆယ်ရေးမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article