25 C
Yangon

စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရှိစေခဲ့သည့် မင်္ဂလာဒုံယာဉ်တိုက်မှုမှာ စစ်တပ် ကား အချင်းချင်း ခေါင်းချင်းဆိုင်တိုက်ခြင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနား ယ မန်နေ့ညပိုင်း ကားတိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ရာ တိုက်သော ကားနှစ်စီးလုံးသည် စစ်တပ်မှဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းလည်း သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါယာဉ်တိုက်မှုသည် Hiject ကားနှင့် အိမ်စီးကား တိုက်မိခြင်းဖြစ်ပြီး Hiject ကားသည် အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းမှ ဖြစ်ပြီး အိမ်စီးကားမှာ ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း၏ ကားဖြစ်ကြောင်း သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းမှာ အသက် ၄၆ နှစ်ရှိပြီး တေဇ ၂၅ ကျောင်းဆင်းဖြစ်ပြီး အငြိမ်းစားယူထားပြီးဖြစ်ကြောင်း၊ ၎င်းသည် အင်းစိန်မြို့နယ်၊ ရွာမရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီး နန်းစန္ဒာအောင်၊ သားမောင်ဥက္ကာပြည့်စုံ၊ သမီး မြတ်သဒ္ဒါလင်းတို့ ကျန်ရစ်ခဲ့ကြောင်း ၊ အလောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် သဂြိုလ်ဖြစ်ကြောင်း သိရှိရသည်။

Hiject ယာဉ်မောင်းမှာ ဒုအရာခံဗိုလ် သိန်းသန်းမင်းဖြစ်ကာ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင်ဖြစ်ကြောင်း သိရှိရသည်။

ကားပေါ်မှ ရရှိသော စာရွက်စာတမ်းများနှင့်ယာဉ်မောင်းလိုင်စင်အရ ကားမောင်းသူသည် ဒုအရာခံဗိုလ် သိန်းသန်းမင်းသည် တစတ ၁ ၊ အမှတ် ၃ ဂိတ်၊ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင် ဟု သိရှိရကြောင်း၊ ကျောင်းလုံခြုံရေးအတွက် စကားပြောစက်ကိုလည်း စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းထံမှ ထုတ်ယူခဲ့သော ပြေစာကိုလည်း တွေ့ရှိရ ကြောင်း ဒေသခံတချို့ထံမှ သိရှိသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။

မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေး မြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊ သို့ရာတွင် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ မှတ်ချက်မပေးဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

မင်္ဂလာဒုံမှ ပရဟိတအသင်းတစ်ခုကမူ သေဆုံးသူ ၃ ဦးသည် စစ်သား များဖြစ် ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။

လတ်တလော ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးသည် စစ်သားများ (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်များ ဆိုသည်ကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီလက်အောက်ခံ လက် နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အတည် ပြုထားနိုင်ပြီဖြစ်သည်။

(မင်္ဂလာဒုံယာဉ်တိုက်မှု အဆက်အစပ် သတင်းများမှာ
https://www.facebook.com/385165108587508/posts/pfbid02h2ic1mjD5xGqNhNZZhuPGJrrENEWvPzwPwiVcRzi4wnyKASKhXvDzRtkzqzSij5ml/ နှင့်

https://web.facebook.com/385165108587508/posts/pfbid025VNqaR787DFtnZmoKL82RRmtjQdVxTJQ3ckDzc4MZvPxgmWS3nGKrB9hGDfnzbo8l/?_rdc=1&_rdr ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article