29 C
Yangon

ထီးလင်း၊ ပုဏ္ဏားရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄ လုံး ပြာကျပြီး ပြည်သူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရ၊ ကြက်ဆူအိုင့်ရွာကိုလည်း စစ်တပ် မီးရှို့မှု နေအိမ် ၄ လုံးပြာကျ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

မကွေးတိုင်း ထီးလင်းမြို့ ပုဏ္ဏားရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပုဏ္ဏားရွာကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီ ခွဲခန့်အချိန်တွင် လူနေအိမ် ၄ လုံးကို မီးရှို့ကာ ရွာတွင်း မွှေနှောက်ခိုးယူကြပြီး ပြည်သူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ကာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ထီးလင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထီးလင်မြို့သို့ ပြန်လည်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖမ်းဆီးခံရသည့် ပြည်သူအများအပြားကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးမောင်ကြိုင်၊ ဦးမဲပို၊ ဦးဇော်သန်း၊ ဦးတုတ်ကြီးနှင့် အသက်အပြည့်သေးသည့် ၉တန်းကျောင်းသား မောင်မင်းသက်ပိုင်၊ မောင်သူရပိုင်နှင့် မောင်ကျော်လင်းနိုင်တို့ ၇ဦးကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကြက်ဆူအိုင့်ရွာကို
အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း We love myaing အဖွဲ့ထံမှသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article