36 C
Yangon

ဒီးမော့ဆို၊ ကုန်းသာရွာ တိုက်ပွဲတွင် ခမရ ၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကိုဦး သေဆုံးပြီး သေဆုံးသူ စစ်သား ၁၅ ဦးရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်သား ၁၅ ဦးသေဆုံးခဲ့သည့်အနက် ခမရ ၆ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုဦးပါ သေဆုံးသွားခဲ့ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“တပ်မ ၆၆ လက်အောက်ခံ အုတ်ဖိုအခြေစိုက် ခမရ ၆ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး အောင်ကိုဦး ဒီးမော့ဆို တိုက်ပွဲတွင်းမှာ သေဆုံးပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

KRU တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ အကြမ်းဖက် စစ်တပ် တပ်စွဲ ထားသော ဒီမော့ဆို့မြို့ ကုန်းသာ‌ ကျေးရွာအတွင်းသို့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် မဟာမိတ်တပ် DMO pdf တပ်ရင်း A တို့ပူးပေါင်းကာ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂၀ မမ များ အဆမတန် ပစ်ခတ်ခဲ့သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ လုပ်တာက စခန်းသိမ်း ပုံစံမျိုး ဝင်တိုက်တာပေါ့။ ဒါပေမယ့် ဘယ်လိုမှ သူတို့စခန်းနားကို မကပ်နိုင်ဘူးပေါ့။ မနေ့က တိုက်ပွဲကြာချိန်တာ ၁ နာရီ ခွဲလောက်ကြာတယ်။ သူတို့ ၁၂၀ မမ တွေအလုံး ၄၀ ကျော်လောက်ပစ်တယ် မနေ့က ဘယ်လိုမှ ကျွန်တော်တို့ ကပ်လို့မရဘူး။ ကပ်လို့မရတဲ့ အဆုံး ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦးထိသွားတော့ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ကလည်း ၁၅ ဦးကျတယ်။ သူတို့ဘက်က ထိပြီး ဒဏ်ရာရလို့ အော်ငိုနေတဲ့ သူတွေလည်း ရှိတယ်။ နီးနီးကပ်ကပ်လေး တိုက်ပွဲတာက ဖြစ်တာဆိုတော့ အကုန်မြင်နေရတယ်။ တိုက်ပွဲက ပြင်းထန်လာဖို့ပဲရှိတယ်။ ထိတွေ့တိုက်ပွဲတွေကတော့ နည်းလိမ့်မယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပြီးဆိုရင် အခုနောက်ပိုင်း မြေပြင်မှာ လက်နက်ကြီး အင်အားကို အဆမတန် သုံးတာပေါ့။ လူအင်အားနဲ့ တိုက်တာ ဒီနောက်ပိုင်းမှာ နည်းလာတာ တွေ့ရတယ်။ ကျွန်တော်တို့ဘက်က အဲတာကို သတိထားရတာပေါ့။ မနေ့ကဆို အဲလိုပဲ လက်နက်တွေကောက်လို့ရတဲ့ အနေအထားရှိတယ်။ ဘယ်လိုမှ ကပ်မရလို့ဗျ။ ကုန်းသာရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဝင်တိုက်တာပေါ့” ဟု ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကရင်နီ ပြည်နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ရင်ဆိုင် တိုက်ခိုက်နိုင်ရန် လက်နက်ကြီးကျည် ထောက်ပံ့မှုများ ပိုမိုလိုအပ်လျက်ရှိကြောင်း၊ တိုက်ပွဲ တစ်ပွဲ ဖော်ဆောင်ပြီးလျှင် လက်နက် ခဲယမ်းများ ပြန်လည် ဖြည့်တင်းရသည်မှာ ကြာမြင့်သောကြောင့် အလှူရှင်များ အနေဖြင့် ထိထိရောက်ရောက် လှူတန်းပေးရန် တောင်းဆိုကြောင်း KRU တပ်ပေါင်းစုမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀ တပ်ရင်းပုံဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article