Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ညွှန်ကြားချက်အရ သင်္ဘောသား လစာတွေ အားလုံး အပြည့်အ၀ မြန်မာနိုင်ငံအတွင်းကို ပြန်လွှဲရမှာဖြစ်ပြီး ၊ လစာအပြည့် ပြန်မလွှဲတဲ့ သင်္ဘောသားတွေကို သင်္ဘောလိုက်ခွင့်တွေ ကန့်သတ်မှာဖြစ်တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေ ဆီကနေ သိရပါတယ်။ – ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာရွာမှာ တပ်စွဲထားတဲ့အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ရာမှာ စစ် ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီ့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးပါ သေဆုံးသွားခဲ့တယ်လို့ တပ်သတင်းရင်းမြစ်တချို့ဆီကနေ သိရပါ တယ်။ -ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက် ၆-လမ်းဆုံမှာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်း မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဲ တပ်ဖွဲ့ဝင် အောင်အောင်လွင် သေဆုံးခဲ့ တယ်လို့သိရပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ မြိတ်မြို့ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ အရာရှိယာဉ်တန်း ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခံရပြီး အဲ့ဒီ့မှာ ထိခိုက် သေဆုံးမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။